New Intake
- Dec 25, 2025
- 1 min read
လေးစားအပ်ပါသော ကျောင်းသူ/ ကျောင်းသားများနှင့် မိဘဆရာများခင်ဗျာ...
ကရင်ဆေးကောလိပ်မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။
ကရင်ဆေးကောလိပ်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဖွင့်လှစ်ခဲ့ပြီး၊ Physician Assistant ကျောင်းသူ/ ကျောင်းသားများကို ပညာသင်ကြားပေး လျှက်ရှိပါသည်။ ယခုအချိန်အခါတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ပထမနှစ် ကျောင်းသူ/ ကျောင်းသား အသစ် များကို ခေါ်ဆိုရန် အချိန်ကျရောက်လာသည့်အတွက် Karen Medical College မှ စတုတ္တ အသုတ် အပတ်စဉ် (၄) Physician Assistant သင်တန်း ကို ၂၀၂၆ ခုနှစ်၊ မေလ (၁၁) ရက် နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားပါသဖြင့်၊ ကျောင်းသူ/ကျောင်းသားဝင်ခွင့် လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ မှစတင်၍ ဖွင့်လှစ်ထားကြောင်း ဝမ်းမြောက်စွာအကြောင်းကြားပါရစေ။
ထို့ကြောင့် စိတ်ဝင်စားသူအားလုံး လျှောက်ထားနိုင်ရန်နှင့် လျှောက်လွှာအချိန်မီ တင်သွင်း ပေးပို့နိုင်ရန် အတွက် လိုအပ်သောစာရွက်စာတမ်းများကို မျှဝေချင်ပါတယ်ခင်ဗျာ။
ကျောင်းဝင်ခွင့်အတွက် အထူးစိတ်အားထက်သန်သော တိုင်းရင်းသား လူငယ် မည်သူမဆို သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပါက ဝင်ရောက်လျှောက်ထား ဖို့အတွက်တိုက်တွန်းပါရစေ။

လျှောက်လွှာတင်သွင်းမှုနောက်ဆုံးပိတ်ရက်သည် ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့၊ ညနေ (၅း၀၀) နာရီအချိန်ထိ နောက်မကျစေဘဲ လျှောက်ထားကြပါရန် အသိပေးအပ်ပါသည်။
လျှောက်လွှာပုံစံ၊ လျှောက်လွှာဖြည့်ရန် အသေးစိတ်လမ်းညွှန်ချက်များ နှင့် အခြားလိုအပ်သော စာရွက်စာတမ်းပုံစံများအား အောက်ဖော်ပြပါ ပူးတွဲဖိုင်များတွင် ဖော်ပြထားပါသည်။
ထို့အပြင် လျှောက်လွှာများကို Karen Medical College Website
( https://www.karenmedicalcollege.com )
မှတဆင့် သိရှိလိုသည့် အကြောင်းအရာများကိုလည်း ဝင်ရောက်ဖက်ရှု့ လေ့လာနိုင်ပြီး လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မေတ္တာဖြင့်…….
Karen Medical College




Comments